လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံ သို့ လူကုန်ကူးခံရပြီး မင်းကင်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ကျား(၈) ဦး၊ မ( ၃) ဦး၊ စုစုပေါင်း (၁၁) ဦးအား မင်းကင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တစ်ဦးလျှင် (၆၀၀၀၀/-) နှုန်းဖြင့် လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီမှ တစ်ဦးလျှင် (၅၀၀၀/-) နှုန်းဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျားလုံချည် (၈ )ထည်၊ မလုံချည်( ၃) ထည်၊ တီရှပ် (၁၁) ထည်၊ တဘက် (၁၁) ထည်နှင့် ဆပ်ပြာ (၁၁) တောင့်တို့ကို (၂၃-၈-၂၀၁၉) နေ့တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချင်ရေးအစည်းဝေးခန်းမ၌ နေရပ်ပြန်များအား ကြိုဆိုခြင်း၊ ထောက်ပံ့ခြင်းနှင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source း မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#sgg_aug 2019