Author Archives: Department of Disaster Management

  • မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဆပ်ပြာကျေးရွာအုပ်စု၊ ဆပ်ပြာကျေးရွာ ၏တောင်ဘက်(၅)မိုင်ခန့်အကွာ ကျောက်မီးသွေးတွင်း၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျမှုကြောင့် သေဆုံးလူဦးရေ(၄)ဦးအတွက် သေဆုံးထောက်ပံငွေ (၁,၂၀၀,၀၀၀/-) ကျပ်ကို (၂၈-၈-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2019 Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)    

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု ၊ သောင်ဘုတ်ကျေးရွာတွင်(၂၅-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦး၊ ယင်း ဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာတွင်(၂၇-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၇)ဦးနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ ကပေါင်းကွင်းကျေးရွာတွင်(၂၇- ၈- ၂၀၁၉)နေ့ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄)ဦးတို့အတွက် စုစုပေါင်းဘေးသင့်အိမ်ခြေများအတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၇၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၀၇၇၀၀/-)ကျပ်ကို (၂၈- ၈- ၂၀၁၉) ရက်နေ့တွင် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉)ရက်နေ့၊ (၀၈း၃၀)နာရီအချိန်တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၆)ဦး ဖြင့် (၂၈-၈-၂၀၁၉)ရက်နေ့မှ (၃၀-၈-၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်တာဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းကိုဖွင့်လှစ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #kyh_aug 2019 Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊အထက်ပိုးလောင်းကျေးရွာ၌ (၁၉-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို  (၂၈-၈-၂၀၁၉)ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ဇေယာသီရိရပ်ကွက်ရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဟောပြောခဲ့ရာ  စုစုပေါင်း လူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2019 Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ မံခွန်ကျေးရွာ၌ (၂၈-၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် လူဦးရေ(၆၀)ဦးခန်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_aug 2019    

  • နတ်မောက်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉)ရက်နေ့၊(၁၁း၀၀)နာရီအချိန်တွင် နတ်မောက်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်မူလတန်းကြိုကျောင်းတွင် နတ်မောက်မြို့နယ်ဦးစီးမှူးရုံးကို တိုင်းဒေသကြီး ဦးစီးမှူးမှ အမွှေးနံ့သာများပက်ဖျန်း၍ မြို့နယ်ရုံးကိုဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #mgy_aug 2019    

  • School Cum Shelter တည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှုမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ကက္ကူလေးကျေးရွာ၌ ဆောက်လုပ်လျက်ရှိသော School Cum Shelter (၅၀%) ပြီးစီးမှုအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်စစ်ဆေးရေးအဖွဲ့များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2019 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Mines Advisory Group (MAG) အဖွဲ့မှ လာရောက်တွေ့ဆုံ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား  Mines Advisory Group (MAG) အဖွဲ့မှ Country Director ဖြစ်သူ Mr. Bekim Shala ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂါရဝပြု လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များ၊ နော်ဝေနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းအသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်း များအပါအဝင် လူသားချင်းစာနာသော မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်သော … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉)ရက်နေ့တွင် ခရမ်းမြို့နယ်၊ ဘိုကလေးကျေးရွာ၊ အထက်တန်းကျောင်းခွဲရှိ cyclone shelter တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019

Sign Up

Upcoming Events