Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ (၁၁.၉.၂၀၁၉)ရက်နေ့ ပုလဲမြို့၊ ပုလဲမြောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးဘေးသင့်ခဲ့သဖြင့် နေအိမ်မိသားစုများအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေ(၁၄၇၀ဝိ/-)ကျပ်အား (၁၃.၉.၂၀၁၉)ရက်နေ့တွင် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_sep2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) ။
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာအုပ်စု ၊ (ငှက်ပျောတော၊ ပေါ်သစ်)ကျေးရွာတို့တွင်(၁၂-၉- ၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ ၎င်းအိမ်ထောင်စု(၉)စုရှိ လူဦးရေ(၃၁)ဦးတို့အတွက် -အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ဝိ/-)ကျပ် -ဆန်ရိက္ခာဖိုး(၆၅၁၀ဝိ/-)ကျပ် -စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၉၆၅၁၀ဝိ/-)ကျပ်ကို (၁၃- ၉- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉ )ရက်နေ့တွင် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသောနေအိမ်( ၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၇၅၀၄၀ဝိ/-) အား (၁၃.၉.၂၁၀၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိဒဏ်ရာရ ကျောင်းသား(၂)ဦးအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံမှ (၁၂-၉-၂၀၁၉)နေ့တွင် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု၊ တင်းမေကျေးရွာ၊ အမက(မူလွန်) စာသင်ကျောင်းမှ ကျောင်းသား(၂)ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသဖြင့် မောင်တောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မောင်ခိုင်သ်န်းမောင်အား မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဒဏ်ရာရထောက်ပံ့ငွေ-(၅၀၀၀၀ိ/-)အားလည်းကောင်း၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မောင်ငြိမ်းချမ်းအောင်အား ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒဏ်ရာရထောက် ပံ့ငွေ-(၅၀၀၀၀ိ/-)အားလည်းကောင်း ၊စုစုပေါင်း ဒဏ်ရာရထောက်ပံ့ငွေ-(၁၀၀၀၀၀ိ/-)အား (၁၃-၃ -၂၀၁၉)နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: မောင်တောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ဘဇာ(နတလ)ကျေးရွာမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၈)စု၊ လူဦးရေ (၄၈၈)ဦးအတွက် ဆန်ရိက္ခာ ၇ရက်စာဖိုးထောက်ပံ့ငွေ (၁၀၂၄၈၀ဝိ/)အား (၁၃.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဘူးသီးတောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့်အတူ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်ရှိ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာ၌ (၁၀-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၆၃၀ဝိ/-)၊ စုစုပေါင်း (၁၀၆၃၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2019 Source: … Read more
-
ကျောင်းသား/သူများအား သဘာဝဘေး အသိပညာပေးဟောပြောပွဲဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉)ရက်နေ့ မြဝတီမြို့နယ်၊ မင်းလက်ပံကျးရွာ၊ အထက်တန်းကျောင်းခွဲတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေးဟောပြောပွဲနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာများအား သွားရောက်ဟောပြောဆာင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #ar #krn_sep2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၂-၉-၂၀၁၉)ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်သာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့် တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် DAN mobile application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_sep2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁၂)ရက်နေ့ ဖျာပုံမြို့နယ် အမာမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ(၆၅၀)ဦးအား မုန်တိုင်းဘေး ၊မိုးကြိုးဘေး၊ ဆူနာမီဘေးဆောင်ရန်ရှောင်ရန်များ ဟောပြောခြင်း၊ မုန်တိုင်းဇာတ်တိုက်လေ့ကျင်မှုများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးကာကွယ်ရေးနှင့် မီးငြိမ်းသတ်မှုများ လက်တွေ့သရုပ်ပြခြင်းများခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ၊ အမှတ်(၁) အ-လ-က ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ(၄၂၈)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ ်ဆောင်ရန်ရှောင်ရန်များကို လက်တွေ့သရုပ်ပြသခြင်း၊လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
