Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၇-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃,၀၀ဝ/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၇၆၃၀၀ဝိ/-) ကျပ်အား (၇-၁၂-၂၀၂၀) … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ သဲရိုးကျေးရွာတွင် (၂၅-၁၁-၂၀၂၀)ရက်နေ့မှ (၃-၁၂-၂၀၂၀)နေ့ထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ(၁၄)လုံး၊ လူဦးရေ(၆၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ်(၁၄၀၀၀၀ဝိ/-)ကိုလည်းကောင်း၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေကျပ်(၁၃၈၆၀ဝိ/-)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၅၃၈၆၀ဝိ/-)တို့ကို (၇-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့် နေရာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၀၈:၃၀) နာရီအချိန်ထိ မင်းဘူးမြို့၊ အဝိုင်းပတ်၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ လျော့ပါးရေးအတွက် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ Mask များနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများသို့ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ခေတ္တာကျွန်းကျေးရွာ Cyclone Shelter တည်ဆောက်မှု(၅၀%) ပြီးစီးမှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၁၂-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြိုနယ်ရှိ ခေတ္တာကျွန်းကျေးရွာ Cyclone Shelterတည်ဆောက်မှု(၅၀%) ပြီးစီးမှုကို Myanmar land ကုမ္ပဏီနှင့် Qc အဖွဲ့၊ လွတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်တာဝန်ရှိသူများနှင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_nov2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင်(၄-၁၂-၂၀၂၀) ရက်နေ့(၂၃း၃၀)နာရီ အချိန် တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး၊အိမ်ထောင်စု (၃)စုမှ လူဦး ရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၃)ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၉,၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၃၂၉,၄၀ဝိ/-) ကျပ်အား (၆-၁၂-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ … Read more

  • သေဆုံးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်ဇံကျေးရွာအုပ်စု၊ အောင်ဇံကျေးရွာမှ တောဆင်ရိုင်း ရစ်ပတ်လွှင့်ပစ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ၏ ဇနီးဖြစ်သူထံ ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၇-၁၂-၂၀၂၀) ရက်နေ့တွင် တာဝန်ရှိသူမှထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_nov2020

  • ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးပန္နက်တင် အခမ်းအနားဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကို(၆-၁၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #mgy_nov2020

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀)ရက် (၂၁:၂၀)နာရီခန့်တွင်မောင်တောမြို့၊ ရွှေဇားအုပ်စု၊ ရွှေဇားကပ္ပကောင်းကျေးရွာတွင် အာဆူမာ(ဘ)အူလာမျှာ၏နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၂ပေ ၁၅ပေ ၈ပေ)မြေစိုက်လူနေအိမ်(၄)လုံး မီးလောင်ဆုံရှုံးခဲ့ပြီး အဆိုပါမီးဘေးကြောင့်(၄)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးသင့်ခဲ့ရပြီးအဆိုပါ မီးဘေးသင့် အိမ်ထောင်စု(၄)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အထစ(၄)စုစာ လူ(၂၄)ဦးအတွက်ဆန်(၇)ရက်စာဖိုးထောက်ပံငွေ(၅၀,၄၀ဝိ/-)၊ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)နှုန်းဖြင့် လူနေအိမ်(၄)လုံးအတွက်ထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်အား (၆-၁၂-၂၀၂၀)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး #ha_fir #rke_dec2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့၊ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ် ၊ကျောက်တလုံးကြီးမြို့နယ်ခွဲ ကက္ကူကျေးရွာနှင့်ကျောက်တလုံးကြီးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲထီဖောင်းကျးရွာနှင့်‌ေနာင်‌ေယွးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2020

Sign Up

Upcoming Events