Author Archives: Department of Disaster Management

  • Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​(၁၁-၁၂-၂၀၂၀) ရက်နေ့နှင့် (၁၂-၁၂-၂၀၂၀) ရက်နေ့တို့တွင် သရက်မြို့နယ်အတွင်းရှိ အများပြည်သူတွေ့မြင်နိုင်သည့် နေရာများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) အသိပညာပေးဗီနိုင်းပိုစတာ (၁၀)ခု ချိတ်ဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၁၄-၁၂-၂၀၂၀)နေ့တွင် မင်းကင်းမြို့၊ ကမ်းနားလမ်း၌ အများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် မီးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုရာ အသိပညာပေး ဗီနိုင်းများကပ်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်မှ (၁၁း၀၀)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်၊ သာဇီရပ်ကွက်၊ ရွာမရပ်ကွက်နှင့် ဇီးကုန်းလေးရပ်ကွက်တို့ရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် Surgical Maskများ ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source:             ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊‌ မန်ခွန်ရပ်ကွက်နှင့် မန်ကောင်းရပ်ကွက်တို့၌ Covid-19 ဒုတိယလှိုင်းကာလ အတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြူချောင်းရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင်စု(၇၁) စု၊ လူဦးရေ (၃၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၄- ၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးဗီနိုင်းပိုစတာချိတ်ဆွဲခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက် နေ့တွင် ရေနံချောင်းမြို့၊ မြို့မရပ်ကွက်ရှိ လူအများတွေ့မြင်နိုင်သည့် နေရာများ၌ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာ (၁၀) ခုချိတ်ဆွဲခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mgy_dec2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ ကလေးမြို့နယ်အတွင်းရှိ ကျီကုန်းကျေးရွာ၊ အင်ဒိုင်းကြီးကျေးရွာ၊ အင်ဒိုင်းလေးကျေးရွာ၊ နန်းဗဟိုလ်ကျေးရွာနှင့် စခန်းကြီးကျေးရွာတို့ရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာ ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ ဟိုပန်မြို့နယ်၊‌ ပန်လုံလမ်းရပ်ကွက်နှင့် ဈေးရပ်ကွက်တို့၌ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော နတ်မောက်မြို့နယ်၊ တမလန်းပင် ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၇၂) စု၊ လူဦးရေ (၈၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၂- ၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_dec2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ လူငယ်အသင်းတို့နှင့် ပူးပေါင်း၍ နမ့်ဆန်မြို့ပေါ်တွင် Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020

Sign Up

Upcoming Events