Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ ကလေးမြို့နယ်အတွင်းရှိ ကျီကုန်းကျေးရွာ၊ အင်ဒိုင်းကြီးကျေးရွာ၊ အင်ဒိုင်းလေးကျေးရွာ၊ နန်းဗဟိုလ်ကျေးရွာနှင့် စခန်းကြီးကျေးရွာတို့ရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာ ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_dec2020

Sign Up

Upcoming Events