Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီတွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံ သင်တန်းအမှတ်စဉ် (၃/ ၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို  ကျင်းပခဲ့ရာ  မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူ/ သားစုစုပေါင်း (၄၀) ဦး တက်ရောက် ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းအား (၁၁-၁၂-၂၀၁၉) ရက်နေ့မှ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ လမ်းမတော် တောင်ရပ်ကွက်၊ အမျိုးသားဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦး၊ လမ်းမတော်တောင်ရပ်ကွက်၊ ကရုချောင်းဘုန်းတော်ကြီး ကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇) စု၊ လူဦးရေ ( ၂၉ ) ဦး၊ ဘောင်းဒွတ်သားစုရပ်ကွက်၊ ဃောသိတာရုံဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၂) ဦး၊ င/တောက် တက်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၅) ဦး၊ မင်းဂံအကွက်(၁၃)၊ ဝိဘဇ္ဇဝါဒီ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့၊ (၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီထိ ရေဦးမြို့၊ မဲအိုးကျေးရွာအုပ်စု၊ မဲအိုးကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား(၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ၊ ဖျော်ရည်ဘူးများနှင့် မုန့်များကို ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec 2019

  • ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (10-12-2019) ရက်နေ့တွင် ဆားလင်းကြီးမြို့၊ လက်ပန်တောင်း အထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/များနှင့် ကျောင်းသားကျောင်းသူ(၂၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။   #ar #sgg_dec2019 Source:                        ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများတို့နှင့်အတူ သရက်ချောင်းမြို့နယ်၊ အမက(ပန်းတော)စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ သရုပ်ပြခြင်းများပြုလုပ်ခြင်းနှင့် တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၄:၁၅)နာရီအချိန်အထိ ပင်လောင်းမြို့နယ် အထက(ခွဲ) နမ့်ဖာမူ၌ ကျောင်းသား/ သူ (၄၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်​​ဘေးအသိပညာ​ပေး​​ဟော​ပြောပွဲနှင့်သရုပ်​ပြ​လေ့ကျင့်မှုပြုလုပ်​မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.ထ.က ကျောင်း၊ ဖိုလေးလုံးကျေးရွာ တွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄:၀၀) နာရီတွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်း စုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ ဒဏ်ရာရကျောင်းသား/သူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား သတ်မှတ်ရာဆေးခန်းများသို့ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့မှ(၁၂-၁၂-၂၀၁၉)ရက်နေ့ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမက(၁၅)ကျောင်း၌ (ADRA Myanmar)တို့ နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းကို ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင် စုစုပေါင်း(၃၃)ဦးတို့ဖြစ် (၃)ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec 2019

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး မှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၅-၁၂-၂၀၁၉) နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁၂)လုံး၊ ၄င်းအိမ်ထောင်စု (၁၂) စုရှိ လူဦးရေ(၅၁) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၁၂၀,၀၀၀၀) ကျပ် ဆန်ရိက္ခာဖိုးငွေ(၁၀,၇၁၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံ ငွေ(၁,၃၀၇,၁၀၀)ကျပ်ကို (၁၀-၁၂-၂၀၁၉) ရက်နေ့၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်၀ယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာတွင် ပြည်သူလူထု (၁၂၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့်ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec 2019

Sign Up

Upcoming Events