
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ လမ်းမတော် တောင်ရပ်ကွက်၊ အမျိုးသားဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦး၊ လမ်းမတော်တောင်ရပ်ကွက်၊ ကရုချောင်းဘုန်းတော်ကြီး ကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇) စု၊ လူဦးရေ ( ၂၉ ) ဦး၊ ဘောင်းဒွတ်သားစုရပ်ကွက်၊ ဃောသိတာရုံဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၂) ဦး၊ င/တောက် တက်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၅) ဦး၊ မင်းဂံအကွက်(၁၃)၊ ဝိဘဇ္ဇဝါဒီ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ(၄၆) ဦး၊ နာရီကန်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅) ဦး၊ အောင်မင်္ဂလာကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂) ဦး၊ ကျက်တောပြင် ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၇) စု၊ လူဦးရေ(၅၆) ဦး၊ ပြည်တော်သာရပ်ကွက်၊ ဗုဒ္ဓေါမော် ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၃) စု၊ လူဦးရေ(၅၇) ဦး၊ ဓညဝတီရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၈)စု၊ လူဦးရေ(၂၀၆) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၂၈) စု၊လူဦးရေ(၄၆၂) ဦးတို့အတွက် ဆန်ရိက္ခာ(၁) လစာ (၁၄၄) အိတ်၊(၉) ပြည်တို့အား (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_dec2019