Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန် အထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၊ ၂၊ ၃၊ ၄)နေရာတို့တွင် လှည့်လည်၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec2020

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးမှူးရုံးမှတာဝန်ရှိသူများသည် water floc & disinfectant pdr/Box-24 (နှစ်ဆင့်အသုံးပြုရသည့် Flocculent နှင့် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့် (၁ ပုံးလျှင် အထုပ် ၂၄၀ထုပ်ပါ) (၁၅)ပုံးအနက် ရေနံချောင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ရေသန့်ဆေးပုံး(၁၂)ပုံးကို လည်းကောင်း၊ ရွှေဘုံသာအနောက်ပိုင်း၊ ရွှေတောင်ညွန့် ရတနာကျောင်းတိုက်သို့ ရေသန့်ဆေးပုံး (၃)ပုံးကို လည်းကောင်း (၁၅-၁၂-၂၀၂၀) ရက်နေ့ တွင်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_nov2020

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့ တွင် ပေါက်မြို့ဈေးကြီးနှင့် လူအများမြင်သာနိုင်သည့် အခြားနေရာများ၌ COVID-19 ကူးစက် ရောဂါအသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ #ar #mgy_dec2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည် နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ စျေးတောင်ရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင် အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၃၁၈)ဦး၊ မိုးလုံလေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၃၉)ဦး၊ စျေးရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦး၊ ချင်းပျဥ်းတောကျေးရွာဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင်အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၂၀၄)ဦး၊ ကမ်းဒိတ်ကျေးရွာဆွေမျိုးများ နေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၆)ဦး၊ စုစုပေါင်းတိုက်ပွဲရှောင်အိမ်ထောင်စု (၂၉၅)စု၊ လူဦးရေ(၁၁၇၆)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ(၁၀,၅၈၄,၀၀၀ိ/-) ကျပ်အား (၁၅-၁၂-၂၀၂၀)ရက်နေ့ … Read more

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၅- ၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၌ မော်လိုက်မြို့၊ ယာယီပြန်ကျဈေးနှင့် စက်လှေဆိပ် များတွင် မီးဘေးအသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဖျာပုံမြို့ရှိ ဖျာပုံပထမလမ်း၊ ချောင်းတွင်းလမ်းမကြီးနှင့် ဘိုကလေးကားလမ်းသုံးခွဆုံ ဖျာပုံတံတားကြီးအောက်၊ ဘိုကလေးကားဂိတ်အနီးတွင် မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား မိဘပြည်သူများအလွယ်တကူ သိရှိနားလည်ဖတ်ရှုနိုင်ရန် (၉’×၆’)မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2020

  • ရေသန့်ဆေးများ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​water floc & disinfectant pdr/Box-24 (နှစ်ဆင့်အသုံးပြုရသည့် Flocculent နှင့် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့် (၁ ပုံးလျှင် အထုပ် ၂၄၀ထုပ်ပါ) (၁၅)ပုံးအနက် (၁၁-၁၂-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရေသန့်ဆေးပုံး(၁၂)ပုံးကို လည်းကောင်း၊ (၁၂-၁၂-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံမြေတောရကျောင်းသို့ ရေသန့်ဆေးပုံး (၃)ပုံးကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ(၄၂၀၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၄၂၀၀၀/-)ကျပ်အား (၁၄-၁၂-၂၀၂၀) ရက်နေ့ (၁၄:၄၅)နာရီ အချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020

  • COVID-19 ကူးစက်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာများချိတ်ဆွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့မစျေးကြီးနှင့် လူအများ မြင်သာနိုင်သည့် အခြားနေရာများ၌ COVID-19 အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020

Sign Up

Upcoming Events