လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် water floc & disinfectant pdr/Box-24 (နှစ်ဆင့်အသုံးပြုရသည့် Flocculent နှင့် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့် (၁ ပုံးလျှင် အထုပ် ၂၄၀ထုပ်ပါ) (၁၅)ပုံးအနက် (၁၁-၁၂-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရေသန့်ဆေးပုံး(၁၂)ပုံးကို လည်းကောင်း၊ (၁၂-၁၂-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံမြေတောရကျောင်းသို့ ရေသန့်ဆေးပုံး (၃)ပုံးကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)