တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည် နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ စျေးတောင်ရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင် အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၃၁၈)ဦး၊ မိုးလုံလေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၃၉)ဦး၊ စျေးရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦး၊ ချင်းပျဥ်းတောကျေးရွာဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲ ရှောင်အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၂၀၄)ဦး၊ ကမ်းဒိတ်ကျေးရွာဆွေမျိုးများ နေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၆)ဦး၊ စုစုပေါင်းတိုက်ပွဲရှောင်အိမ်ထောင်စု (၂၉၅)စု၊ လူဦးရေ(၁၁၇၆)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ(၁၀,၅၈၄,၀၀၀ိ/-) ကျပ်အား (၁၅-၁၂-၂၀၂၀)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် အမ်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#otr
#rke_nov2020

Sign Up

Upcoming Events