Author Archives: Department of Disaster Management
-
သင်တန်းဆင်းပွဲကျင်းပခြင်း
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဦးစီး၍ အင်္ဂပူမြို့ဦးစီးမှူးရုံး မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို (၁၈. ၁၂.၂၀၁၉)ရက်နေ့မှ (၂၀.၁၂.၂၀၁၉)ရက်နေ့ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတို့မှ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်သူလူထုအား ဌာန၏လုပ်ငန်းဆောင်တာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအား ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျောက်မောကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား နံနက် (၁၁:၀၀)နာရီမှ မွန်းတည့် (၁၂:၀၀)နာရီအထိ ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအားအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်အန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ (၂၀-၁၂-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ အထက(၂)၌ ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနl လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမှ၌ ရပ်ကွက်သူ/ရပ်ကွက်သား (၇၀)ဦးခန့်အား မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေး အသိပညာပေး ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် တက်ရောက်လာသူများမှ မေးမြန်းချက်များကိုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ ဖွင့်လှစ်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (၂/၂၀၁၉)အား သင်တန်းသား/သူ(၅၀)ဦးဖြင့် (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉))ရက်နေ့ထိ( ၅)ရက်သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2019 Source: ေနပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၂.၂၀၁၉)နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စုကျုံကဒွန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျေးရွာသူ/သား(၁၀၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဖျာပုံရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၂..၂၀၁၉)ရက်နေ့၌ သရက်မြို့နယ်၊ မဒင်းကျေးရွာအုပ်စု၊ မဒင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၁၉) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ ဉီးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၁၉) အား (၁၈.၁၂.၂၀၁၉) ရက်နေ့မှ (၂၀.၁၂.၂၀၁၉) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဉီး ဖြင့် သထုံမြို့နယ် ၊ သုဝဏ္ဍခန်းမတွင် ဖွင့်လှစ်ခဲ့ရာ (၂၀.၁၂.၂၀၁၉) ရက်နေ့၊ (၁၆:၃၀)နာရီတွင် သင်တန်းဆင်းပွဲ ပြုလုပ်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၉) ရက်နေ့၌ သရက်မြို့နယ်၊ မဒင်းကျေးရွာအုပ်စု၊ မဒင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့တွင် ဝေါလေမြိုင်မြို့၊ (အ.ထ.က) ကျောင်း တွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၀၀) ကျော်အား သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
