Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၂-၁-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀-၁၂:၀၀)အချိန်၌ မူလွန်(၁)ကျောင်း၊ ဖလမ်းမြို့တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ရှောင်ရန်/ဆောင်ရန် အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၅)ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ခြင်း၊ ဘေး(၄)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_jan2020

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀)ရက်နေ့၊ (၁၉:၃၅)နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊မန္တလေးတန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၂၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၆၈,၈၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၆)အိမ်ထောင်စုစာ၊ ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးပါအိမ်ထောင်စု(၁၆) အိမ်ထောင်စုစာ၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ဖိုး ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ဖိုးငွေ (၃,၁၂၀,၈၆၆/-) ကျပ်တိတိ အား (၂၂-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mdy_jan2020

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည် နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီး၊  ဦးဇော်ဝင်း၊ အမျိုးသားလွှတ်‌တော်ကိုယ်စားများ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့်အတူ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ ပေါ်ရှိ KBC၊ RC ၊AG ၊COC ဘုရားကျောင်းများရှိ ခေတ္တတိမ်းရှောင်ပြည်သူများ ၊အိမ်ထောင်စု (၃၀၅)၊ လူဦးရေ (၁၂၉၅)  ဦးတို့အတွက် စားနပ်ရိက္ခာ (၁) လစာ (ဆန်-၄၀၄ အိတ် ၊၅ပြည်၊ ၄ဗူး၊ ဆီ-၆၃၀ပိဿာ၊ ပဲ-၆၃၀ပိဿာ၊ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ တိုက်ပွဲရှောင်စုရပ် (၅) ခုသို့ ထပ်တိုး ရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် စုစုပေါင်းအိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုးထောက်ပံ့ငွေ (၂၅၆၂၀ဝိ/-) အား ( ၂၂ -၁ -၂၀၂၀ )ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_jan2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၁-၂၀၂၀)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်မှ(၁၄:၃၀)အချိန်ထိတောင်ကြီးမြို့နယ်၊ အလကရေပူ၌ကျောင်းသား/သူ(၂၃၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေး ဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2020

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ(၁၁:၀၀) အချိန်ထိတောင်ကြီးမြို့နယ်၊အလက ကွန်လုံကျောင်းသား/သူ(၃၀၀)ဦး အား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2020

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အမှတ်(၃) အ‌ခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟော‌ပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်း စာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်း ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/မများ၊ကျောင်းသား/သူများနှင့် ပြည်သူလူထု စုစုပေါင်း (၁၂၀) ဦးခန့်တက် ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုးအကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ် အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂ – ၁ -၂၀၂၀ ) ရက်နေ့ တွင် ( ၀၉ : ၀၀ ) အချိန်မှ ( ၁၀ : ၃၀ ) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ / မ များ၊ ကျောင်းသား / သူများနှင့် ပြည်သူလူထုစုစုပေါင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီအထိ မလော့ချောင်ကျေးရွာအုပ်စု၊ ရွာလယ် ဓမ္မာရုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းအား ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2020

Sign Up

Upcoming Events