မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

23-pic-01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀)ရက်နေ့၊ (၁၉:၃၅)နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊မန္တလေးတန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၂၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၆၈,၈၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၆)အိမ်ထောင်စုစာ၊ ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးပါအိမ်ထောင်စု(၁၆) အိမ်ထောင်စုစာ၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ဖိုး ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ဖိုးငွေ (၃,၁၂၀,၈၆၆/-) ကျပ်တိတိ အား (၂၂-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#mdy_jan2020

Sign Up

Upcoming Events