တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

23_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည် နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီး၊  ဦးဇော်ဝင်း၊ အမျိုးသားလွှတ်‌တော်ကိုယ်စားများ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့်အတူ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ ပေါ်ရှိ KBC၊ RC ၊AG ၊COC ဘုရားကျောင်းများရှိ ခေတ္တတိမ်းရှောင်ပြည်သူများ ၊အိမ်ထောင်စု (၃၀၅)၊ လူဦးရေ (၁၂၉၅)  ဦးတို့အတွက် စားနပ်ရိက္ခာ (၁) လစာ (ဆန်-၄၀၄ အိတ် ၊၅ပြည်၊ ၄ဗူး၊ ဆီ-၆၃၀ပိဿာ၊ ပဲ-၆၃၀ပိဿာ၊ ဆား- ၃၀၅ပိဿာ) တန်ဖိုးငွေ (၁၆,၄၀၈,၈၇၅) ကျပ်အား (၂၀ – ၁ – ၂၀၂၀ )ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#kcn_jan2020

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events