Author Archives: Department of Disaster Management

  • သောက်သုံးရေများ လှူဒါန်းနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၂:၀၀)အချိန်တွင် သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ(၃၂၀၀)ကို ရေသယ်ယာဥ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #mgy_feb2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာ ယန်းခအုပ်စုတွင် ရွာသူ ရွာသားများ (၁၀၀) ဦး အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_feb2020 Source: … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့ ၊ (၂း၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ အောက်ရွာကျေးရွာအုပ်စု အောက်ရွာကျေးရွာနှင့် ကဇုကိုင်းကျေးရွာတို့တွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄)စု၊ ကျား(၂၄)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း (၅၇)ဦးတို့အား ဆန်ရိက္ခာ (၁)လစာ၊ (၁၇)အိတ်၊ (၁၉)ပြည်၊ (၄)ဘူး၊ တန်ဖိုး (၅၁၃၀၀၀/) အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့်    လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။     #ha_otr #rke_feb2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုပိုင်း မီးရထားလမ်းအနောက်ဘက်(ကျူးကျော်)၌ (၁-၂-၂၀၂၀)ရက်နေ့၊ (၀၁:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၁၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၇)အိမ်ထောင်စုစာကိုလည်းကောင်း၊ လူဦးရေ (၅၁)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၇,၁၀၀/-) ကျပ်ကိုလည်းကောင်း မင်းတဲစုရပ်ကွက်၊ အောင်ဇဗ္ဗူဘုန်းကြီးကျောင်း၌ (၁-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2020 … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၅၀) အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အမ်ကျေးရွာ၌ ထင်းမီးမှ တဆင့်ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် အိမ်ခြေ(၂)လုံး ပျက်စီးဆုံးရှုံး၊ အမျိုးသမီး(၁)ဦးသေဆုံး၊အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ(၉)ဦးဘေးသင့်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ထောင်စု(၂)စုစာ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ၊ ကျပ်(၁၆၈၀၀)၊ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၅၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေကျပ်(၅၆၆၈၀၀/-)အား တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ (၃၁-၁-၂၀၂၀)ရက်နေ့၊နေ့လယ်(၁၃:၃ဝ)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။   … Read more

  • IDPsစခန်းအတွက် မီးစက်နှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာရှိ IDPsစခန်းသို့ Robin မီးစက်(၁)လုံးကိုလည်းကောင်း၊ မိလ္လာအဆောက်အဦ (အိမ်သာ)ဆောက်လုပ်ရန် ကုန်ကျငွေ (၈၄၅,၅၄၀/-) ကျပ်ကိုလည်းကောင်း (၁-၂-၂၀၂၀)ရက်နေ့၊ (၁၂:၁၅)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_feb2020 Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၃၀.၁.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ပရင်းရှည်ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၌ ဖြစ်ပွားသောမီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀ဝ/-)၊ လူဦးရေ (၂၃) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၄၈၃၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၄၈၃၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ၊ (၄)အိမ်ထောင်စာ( ၁၂၉၄၁၂/-)အား (၁-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #ayy_feb2020 Source: ရေကြည်မြို့နယ်ဦးစီးမှုးရုံး(ဘစမ)

  • ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့လူငယ်များနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံ ဆွေးနွေး

    ဇန်နဝါရီ ၃၁၊ နေပြည်တော်                                 လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် လူငယ်များနှင့်မကြာခဏတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ ယခုလိုစိတ်ပါဝင်စားမှုများရှိသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ ပြည်သူအားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူငယ်များသည်အရေးပါ ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထုအားလုံးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှ ခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးအတွက် မူဝါဒ၊ … Read more

  • မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ(၄၀၀)ကားဝန်းအနီး၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆိုင်းဘုတ် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_fir #ayy_feb2020 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ စမ်းရွာကြီးအုပ်စု၊ ညောင်ခြေထောက် ကျေးရွာ၌ (၂၉-၁-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့ကို (၃၁-၁-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #ayy_feb2020 Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events