ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့လူငယ်များနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံ ဆွေးနွေး

1_Pic_02

ဇန်နဝါရီ ၃၁၊ နေပြည်တော်                                

လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် လူငယ်များနှင့်မကြာခဏတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ ယခုလိုစိတ်ပါဝင်စားမှုများရှိသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ ပြည်သူအားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူငယ်များသည်အရေးပါ ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထုအားလုံးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှ ခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများဖော်ဆောင်ပြီးဆောင်ရွက်ရကြောင်း၊ ဒီမိုကရေစီအကူးအပြောင်း ကာလတွင် အခက်အခဲများ၊ ရင်ဆိုင်ကျော်လွှားရမည့်ကိစ္စများ များစွာရှိမည်ဖြစ်ကြောင်း၊ အချိန်ကာလတစ်ခုအထိ စိတ်ရှည်သည်းခံပြီး ဖြတ်သန်းကြရမည်ဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်ကိုလျှောက်လှမ်းကြရာတွင် အားလုံးက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ ညှိနှိုင်းမှုများတွင် တစ်ဖက်နှင့်တစ်ဖက် သဟဇာတဖြစ်ရေး နှင့်မျှမျှတတဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ လူငယ်များသည်ကောင်းမွန်သော လက်ဆင့်ကမ်း အမွေများယူကြရမည်ဖြစ်ပြီး ကောင်းမွန်သောလက်ဆင့်ကမ်းအမွေများကိုလည်း ပေးခဲ့နိုင်ရ မည်ဖြစ်ကြောင်း၊ ကောင်းမွန်သောအမွေများလက်ခံယူနိုင်ရန် မိမိကိုယ်တိုင်အမျှော်အမြင်၊  အသိဉာဏ်နှင့် စွမ်းရည်ပြည့်ဝရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ လူငယ်ကာလသည်အချိန်အကန့်အသတ်ရှိရာ လက်ရှိအချိန် သည် အရေးကြီးသောကြောင့် အကောင်းဆုံးကြိုးစားကြစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးကကြိုးပမ်းလျက်ရှိရာ ဒီမိုကရေစီစံနှုန်းများ ရှိပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများသည် မျှတသောရွေးကောက်ပွဲကျင်းပနိုင်ခြင်း၊ ပြည်သူ့အစိုးရ၏ ဆောင်ရွက်မှုများကိုစောင့်ကြည့်ထိန်းညှိပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏အရေးကို စိတ်ပါဝင်စားလာ ခြင်း၊ အစိုးရ၏ဆောင်ရွက်ချက်များတွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်မှုအားကောင်းခြင်းနှင့် ဥပဒေဘောင် အတွင်းမှ လွတ်လပ်မှုရရှိခြင်းတို့ဖြစ်ကြောင်း၊ ထိုစံနှုန်းများနှင့် ကိုက်ညီအောင်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းကမ်း၊ ဥပဒေဘောင်အတွင်းကဖော်ဆောင်ရပါကြောင်း၊ ထို့ကြောင့် လူငယ်များ နှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒကိုအစိုးရ၏ ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းရေးဆွဲပြီး လူငယ်များ ကိုယ်တိုင်ရွေးချယ် ပေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လူငယ်ကိုယ်စားလှယ်များက ပါဝင်ရေးဆွဲ ခဲ့ပါကြောင်း၊ ဘုံသဘောတူညီချက် (၁၆)ချက် ရရှိပြီး မဟာဗျူဟာလည်းရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့် ကိုက်ညီမည့်လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေးအတွက်လည်း ထည့်သွင်း ရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ထည့်သွင်း ပြင်ဆင်လိုသည့် အချက်များကို စုစည်းပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကယားပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။  ထို့နောက် ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့က   လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေးနှင့် ပတ်သက် ၍  အားလုံးပါဝင်နိုင်ရေးကိစ္စများ၊ လူငယ်ကိုယ်စားလှယ်များကိစ္စနှင့် လူငယ်ရေးရာမူဝါဒအပေါ် သုံးသပ် ညှိနှိုင်းမှု များနှင့် ပြင်ဆင်ဖြည့်စွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီမှ ပြည်ထောင် စုလူငယ်ကိုယ်စားလှယ်များနှင့် ကယားပြည်နယ်လူငယ်ရေးရာကော်မတီမှ လူငယ်ကိုယ်စားလှယ်များက လူငယ်ရေးရာမူဝါဒ စတင်ရေးဆွဲနိုင်ရေးအတွက် လူငယ်ကိုယ်စားလှယ်များရွေးချယ်ခဲ့ရသည့် အခြေအနေ များ၊ လူငယ်ရေးရာမဟာဗျူဟာရေးဆွဲခဲ့သည့်အခြေအနေများ၊ ကယားပြည်နယ်လူငယ်ရေးရာ ကော်မတီ အနေဖြင့် ကယားပြည်နယ်တွင်အကောင်အထည်ဖော်ရန် ရွေးချယ်ထားသောကဏ္ဍများ၊ လူငယ်စင်တာ တည်ဆောက်ရေးကိစ္စများနှင့် အဆိုပါကိစ္စရပ်များကို ကယားပြည်နယ်တွင် ရှင်းလင်းဆွေးနွေးခဲ့သည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြရာ ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့ လူငယ်များက ပြန်လည်ဆွေးနွေးမှုများပြုလုပ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမှုများမှ ရရှိလာသည့်အခြေအနေကောင်းများကို လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များတွင်  ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍  နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ လူငယ်များ၏ သုံးသပ်အကြံပြုချက် များကိုလည်း တောင်းခံသွားမည်ဖြစ်ကြောင်း၊  ကယားပြည်နယ်၊ လူငယ်များသမဂ္ဂအဖွဲ့ လူငယ်များအနေဖြင့် လည်း လူငယ်ရေးရားမူဝါဒဆက်လက်အကောင်အထည်ဖော်ရေးအတွက် သုံးသပ် ချက်များ၊ အကြံပြုချက်များကို ကယားပြည်နယ်ရှိ မျိုးနွယ်စုများ၏ ကိုယ်စားပြု လူငယ်များထံမှစုစည်း ပေးပြီး လူငယ်ရေးရာ ကော်မတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_feb2020

Source:           MOSWRR

Sign Up

Upcoming Events