Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့ နံနက်(၀၉၃၀)နာရီမှ (၁၀:၃၀)နာရီအချိန်ထိ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးစံပြကျေးရွာ၊ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၈)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_feb2020 Source:           ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄-၂-၂၀၂၀)ရက်နေ နံနက်ပိုင်း(၀၉:၀၀)နာရီအချိန်မှ(၁၀:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ မိန်းပန်းအခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/သူ (၁၅၀)ဦးခန့်အားလည်ကောင်း၊  (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ပန်လုံလမ်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်ကိုလည်းကောင်း၊ နေ့လည်ပိုင်း(၁၃:၀၀)နာရီအချိန်မှ(၁၄:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၃၀)ဦးခန့်တို့ကို ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊  ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားများကိုလက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: … Read more

  • ထိတွေ့ဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ (၃၀.၁.၂၀၂၀)ရက်နေ့ (၁၆.၃၅)အချိန်ခန့်တွင် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့မှ သေနတ်ကျည်ထိမှန်မှုကြောင့် လွိုင်လင်မြို့၊ ပြည်သူဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေသော ဒဏ်ရာရရှိသူ ဦးစိုင်းစံဝင်းအတွက် ဒဏ်ရာရထောက်ပံ့ငွေ ( ၅၀၀၀ဝိ/-)အား (၄.၂.၂၀၂၀)ရက်နေ့ (၁၅.၀၀)နာရီအချိန်ခန့်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #shn_feb2020 Source:           လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅: ၀၀) နာရီအထိ  ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့) သင်တန်း၌ သင်တန်းသူ (၅၀) ဦးအား  သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အားသိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၃-၂-၂၀၂၀) ရက်နေ့၌ဖြစ်ပွါးခဲ့သော မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၊ ရွာလယ်ပိုင်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀ဝဝိ/-)၊ မီးဘေးသင့် လူဦးရေ(၈)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၆၈၀ဝိ/-)စုစုပေါင်း (၉၁၈၀ဝိ/-)အား(၄-၂-၂၀၂၀)ရက်နေ့(၁၅:၀၀)နာရီအချိန်ခန့်တွင် မီးဘေးသင့်ပြည်သူထံလက်၀ယ် အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2020 Source:           မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၂-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ကျွဲရှင်း)စာသင်ကျောင်းတွင် ကျောင်းသား/သူများ(၃၀၀)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲခြင်းနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူများကို သရုပ်ပြခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီးနောက် တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_feb 2020  

  • မကွေးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံ တောင်ကျေးရွာတွင် (၃၁-၁-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ) ကျပ်နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တို့အား (၄-၂-၂၀၂၀)ရက်နေ့ (၁၄:၄၅)အချိန်၌ ကွမ်းအုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ (၄-၂-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ (၁၂:၃၀)နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦး ခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အ.လ.က(ခွဲ)ကျောင်း၌ ဆရာမများ၊ ရွာသူ/ရွာသားများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးကို ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား ဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020  

  • သဘာဝဘေးအန္တရယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၄-၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက် ရပ်ကွက်   အုပ်ချုပ်ရေးမှူးရုံး၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြော ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ ပါကြောင်းသိရှိရပါသည်။ #ar #mon_feb2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events