လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အ.လ.က(ခွဲ)ကျောင်း၌ ဆရာမများ၊ ရွာသူ/ရွာသားများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးကို ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား ဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_feb 2020