Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(မြောက်ပိုင်း)နှင့် ဦးဝိုင်းမောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု (၁၃၇) စု၊ လူဦးရေ (၆၄၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၀ – ၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။   #otr … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် (၂၀-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျဒယ်ကျေးရွာအုပ်စု၊ ကျဒယ်ရပ်ကွက်တွင် ရပ်ကွက်နေပြည်သူ (၅၀)ဦးအား  မီးဘေး၊ ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb 2020  

  • ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂၀-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်အထိ မုက္ခမူကျေးရွာအုပ်စု၊ မှန်ကျောင်းဓမ္မာရုံ တွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2020

  • မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်လှဲလည်တပ်ဆင်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၂၀) ရက်နေ့ တွင် လူစည်ကားရာအရပ်ဖြစ်သော မော်လိုက်မြို့၊ မြို့မစျေးရှေ့ ကမ်းနားလမ်းဘေးတွင် စိုက်ထူထားသော လူထုအသိပညာပေးဆိုင်းဘုတ်နေရာတွင် မီးဘေးလူထုအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် လှဲလည်တပ်ဆင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၉-၂-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာ၊ တို့မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆၈)စု၊ လူဦးရေ(၈၆၂)ဦးတို့အတွက် ပြောင်းရွှေ့အိမ်ထောင်စု(၁)စုလျှင် ကျပ်(၁ဝဝ,ဝဝဝ/-)နှုန်းဖြင့် အိမ်ထောင်စု(၁၆၈)စုအတွက် ပြောင်းရွှေ့စရိတ်ကျပ်(၁၆,၈ဝဝ,ဝဝဝ/-)ကျပ်အား မြိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပြောင်းရွှေ့အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_feb 2020  

  • (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန်းတာကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ် (၂၅) လုံးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_feb2020

  • မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ တကူပတီကျေးရွာအုပ်စု၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ (၃)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၆၃၀ဝိ/-)၊စုစုပေါင်း(၂၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၀-၂-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #mon_feb2020 Source:             ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူအတွက်သွားရောက်ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်၊ စက်မှုဇုန် (၅)လမ်း မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု(၁) စုအတွက်(၃၇၇၅၃/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး(၁) စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ် လူ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်တို့အား မြိတ်ခရိုင်ဘေးစီမံမှ မြို့နယ်သဘာဝဘေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fir #tny_feb2020  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများ သည် (၁၉-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး၌ ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး‌စားရေးများ စုစုပေါင်း (၁၀၀)ဦး တို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb 2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events