လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ တကူပတီကျေးရွာအုပ်စု၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ (၃)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၆၃၀ဝိ/-)၊စုစုပေါင်း(၂၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၀-၂-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_feb2020
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)