ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၉-၂-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာ၊ တို့မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆၈)စု၊ လူဦးရေ(၈၆၂)ဦးတို့အတွက် ပြောင်းရွှေ့အိမ်ထောင်စု(၁)စုလျှင် ကျပ်(၁ဝဝ,ဝဝဝ/-)နှုန်းဖြင့် အိမ်ထောင်စု(၁၆၈)စုအတွက် ပြောင်းရွှေ့စရိတ်ကျပ်(၁၆,၈ဝဝ,ဝဝဝ/-)ကျပ်အား မြိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပြောင်းရွှေ့အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr

#mgy_feb 2020

 

Sign Up

Upcoming Events