Author Archives: Department of Disaster Management
-
အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းတွင် (၆.၃.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီမှ (၁၂:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၃၀၀) ဦး ခန့်ကို သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မုန့်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက္ကသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၆-၃-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်အထိ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၃.၂၀၂၀)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၁း၀၀)နာရီအချိန်ထိ ကလေးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာနှင့် သင်တန်းဆရာမ၊ သင်တန်းသူစုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းပေးပို့ရရှိပါသည်။ #ar #sgg_mar2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၀ ပြည်နှစ်၊ မတ်လ ၅ ရက်၊ နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR, WFP, World … Read more
-
မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
မတ် ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism- MLIT) သည် သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် (Memorandum of Cooperation- MoC) ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး … Read more
-
လေပြင်ဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့ နေ့လည်(၂:၀၀) နာရီ အချိန်တွင် မကျည်းကုန်းကျေးရွာအုပ်စု၊ နတ်အိမ်ကမ်း ကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ နေအိမ်များ အားဖြည့်ပြုပြင်ခြင်းအား ပုလောမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ လောလျာခူကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား လည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဖူးကရားခူကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀)တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စုအတွင်းရှိ သဲရိုးကျေးရွာ၊ လက်ပံသာယာကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင် နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၅-၃-၂၀၂၀) ရက် နေ့၌ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သိရှိရပါသည်။ #bgo_mar2020 Source: မိုးညိုမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
သောက်ရေသန့်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့ (၉:၄၅) အချိန်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာသို့ အိမ်ထောင်စု(၁)စုလျှင် သောက်ရေသန့် (၂၀)လီတာဆံ့ဘူးကြီး (၄)ဘူးစီကို အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၃၂၀)ဦးအတွက် စုစုပေါင်း ရေသန့်ဘူးကြီး (၂၈၀) ဘူးအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #sgg_mar2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံမြောက်၌ (၂၉-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၅၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာ ထောက်ပံ့ငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၂,၀၀၀) ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၃) စုစာတို့အား (၅-၃-၂၀၂၀) ရက်နေ့ … Read more
