Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးဟောပြောပွဲသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀)ရက်နေ့တွင်  စစ်တွေမြို့နယ်၊ သက္ကေပြင်ရွာမကျေးရွာ(ကမန်)တွင် ကျေးရွားသူ/သား (၁၂၀)ဦးတို့အား နံနက်ပိုင်းတွင် လည်းကောင်း၊ ငပွန်းကြီးကျေးရွာ(ဘင်္ဂါလီ)တွင် ကျေးရွာသူ/သား (၁၅၀)ဦးတို့အား နေ့လည်ပိုင်းတွင် လည်းကောင်း၊ သဘာဝဘေး‌လျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်း ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် ကော်ဖီမစ်ထုတ်များ ဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_mar2020

  • ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၃.၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စုဦ၊ ဆတ်ကျွန်းကျေးရွာတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ဖြည့်စွက်ပြင်ဆင်ခြင်းလုပ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #ayy_mar2020 Source:            ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ ရွာမ(၄)လမ်းနှင့် ရွာမ(၅)လမ်းတို့တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီး နေအိမ် (၄) လုံးတို့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်၊ ပျက်စီးနေအိမ် (၄)လုံးရှိ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၂၉,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၄) အိမ်ထောင်စာတို့အား (၁၂-၃-၂၀၂၀)ရက်နေ့(၁၂:၀၀)အချိန်တွင် လွှတ်တော် … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)၊ ချောင်းဆင်း(တဲတိုက်)၊ ဉီးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင် စု (၁၂၂) စု၊ လူဦးရေ (၅၂၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၁၂- ၃-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_mar2020 Source: … Read more

  • သောက်သုံးရေလှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၁၀.၃.၂၀၂၀)ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာသို့ သောက်သုံးရေဂါလံ (၁၂၀၀)အားလည်းကောင်း၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါကော့ကျေးရွာတွင် သောက်သုံးရေ(၃၂၀၀)ဂါလံအားလည်းကောင်းသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #kyh_mar2020 Source:            ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၃-၂၀၂၀) ရက်နေ့၊ (၂၀:၃၀)နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်၊ တမာလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆုံးရှုံးမှုတန်ဖိုး ငွေ(၂၀၀,၀၀)ကျပ် နှင့် လူဦးရေ(၁၁) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ ထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃,၁၀၀)ကျပ် အား (၁၁ -၃-၂၀၂၀) ရက်နေ့ နေ့လည်(၁၅:၀၀) နာရီအချိန်တွင်ဘေးသင့် ပြည်သူများထံ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့၊‌ကျောက်တန်းကျေးရွာအုပ်စု၊ကျောက်တန်းကျေးရွာတွင် (၉-၃-၂၀၂၀) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်တစိတ်တစ်ပိုင်း အိမ်ခြေ (၃)လုံးမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀,၀၀၀) ကျပ်၊ ဆန်ဖိုးငွေ လူ (၁၃) ဦးအတွက်(၂၇,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စာ တို့ကို (၁၂-၃-၂၀၂၀) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #mdy_mar2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေလှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၁၀.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာသို့ သောက်သုံးရေဂါလံ(၁၂၀၀)အားလည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာသို့ သောက်သုံးရေဂါလံ(၃၂၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:            ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀)ရက်နေ့၊ (၀၉း၀၀) နာရီ အချိန်မှ (၁၆း၃၀)နာရီအချိန်ထိ မင်းရွာကျေးရွာအုပ်စု၊ လက်ဝဲကုန်းကျေးရွာတွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးနေအိမ်များ အားဖြည့်ပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020

  • မိုင်းထိပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခမ်းဆာကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ)ကျပ်အား (၁၁-၃-၂၀၂၀) ရက်နေ့(၁၅:၀၀)နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။ #ha_otr #shn_mar2020 Source: ကျောက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events