လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့၊ကျောက်တန်းကျေးရွာအုပ်စု၊ကျောက်တန်းကျေးရွာတွင် (၉-၃-၂၀၂၀) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်တစိတ်တစ်ပိုင်း အိမ်ခြေ (၃)လုံးမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀,၀၀၀) ကျပ်၊ ဆန်ဖိုးငွေ လူ (၁၃) ဦးအတွက်(၂၇,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စာ တို့ကို (၁၂-၃-၂၀၂၀) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)