Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ကော့ပတိုင်ကျေးရွာ၌ သောက်သုံးရေ လီတာ (၆,၀၀၀) ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_drg #krn_mar2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၆- ၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ (တောင်ပိုင်း)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၃၄) လုံး၊ အိမ်ထောင်စု (၁၄၁) စု၊ လူဦးရေ (၆၇၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_drg #mgy_mar2020

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖ တို့နှင့်ပူးပေါင်း၍ (၁၆-၃-၂၀၂၀) ရက်နေ့မှ (၂၅-၃-၂၀၂၀)အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စုကျေးရွာ (၆) ရွာနှင့် ပျဉ်ထောင် ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄) ရွာတို့အား(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လေပြင်းဘေး ကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ် များကို ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ပြီး … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတော ကျေးရွာအုပ်စု၊ မုတ်ထုတ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၄,၂၀၀/-) ကျပ် တို့ကို (၂၅-၃-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ် … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့၊ ဟင်္သာတ ခရိုင်၊ မြန်အောင်မြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ မာလကာကုန်း ကျေးရွာ၌ဖြစ်ပွားခဲ့သော မီးဘေး သင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၈,၉၀၀/-) ကျပ်တို့ကို (၂၅-၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ … Read more

  • တိုက်ပွဲရှေိာင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ပြိုင်တိုင်ကျေးရွာအုပ်စု၊ ပြိုင်တိုင်ကျေးရွာမှ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံ ကျေးရွာအုပ်စု၊ စိုင်ခြုံမြောက်ကျေးရွာသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁)စု၊ ကျား (၄) ဦး၊ မ (၂) ဦး၊ ပေါင်း (၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၂၁) ပြည်၊ ထောက်ပံ့ဖိုးငွေ (၂၅,၂၀ဝ/-) ကျပ်အား (၂၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် တိုက်ပွဲရှောင်မိသားစုထံ … Read more

  • School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀) ရက်နေ့တွင်  ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မအူကုန်ကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဓနဒီပါကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသော School Cum Shelter (၇၅%) တည်ဆောက်ပြီးစီးမှု အခြေအနေကို ရေကြည်မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dep #ayy_mar2020 Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) ။

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ခေါင်းစောင်းကျေးရွာတွင် သောက်သုံးရေဂါလံ (၁၆၀၀) အား လည်းကောင်း၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာနှင့် ဒေါဆိုခူကျေးရွာတွင် သောက်သုံးရေဂါလံ (၃၂၀၀) စီအားလည်းကောင်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာတွင် ဂါလံ (၁၆၀၀) အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2020

Sign Up

Upcoming Events