Author Archives: Department of Disaster Management
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့ နံနက် (၀၉၃၀) အချိန်မှ (၁၄၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူ လမ်းမကြီးတွင် ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒု စံပြကျေးရွာအတွင်းရှိ ရပ်ကွက်/ ကျေးရွာ(၁၆)ခုနှင့် သာမညကျေးရွာအုပ်စုရှိ ရပ်ကွက်/ကေျးရွာ (၁၇)ခုတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ရပ်ကွက်/ကေျးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #kyn_mar2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ (၃)မိုင် ရွှေပြည်သာရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speaker ဖြင့် လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #kcn_mar2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၇:၀၀) နာရီအချိန်အထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးစျေး၊ ရွှေအင်းလေးရပ်ကွက်၊ ဝက်မှေးကျေးရွာ၊ ရွှေလှေကျေးရွာ၊ တုံကျေးရွာ၊ တောကျောင်းကျေးရွာ၊ အလယ်ရွာကျေးရွာ၊ လယ်တီကျေးရွာ၊ ဆည်တဲကျေးရွာ၊ ဇီးတောကျေးရွာ၊ သဲကောကြီးကျေးရွာ၊ ကျေးပင်ထူးကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ဆားလင်းကြီးမြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များ အား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #sgg_mar2020 Source: … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု အတွင်းရှိကျေးရွာခွဲ (၁၄) ရွာ၌ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အချက်များ လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီတွင် ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ၊ ညီနောင်ကျေးရွာအုပ်စု၊ ညီနောင်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် တို့အား ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #rke_mar2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၉-၃- ၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်းများဖြစ်သည့် ဂျော် ၁၊ ဂျော်၂ နှင့် ပန်လုံcampများမှ အိမ် ထောင်စု (၂၁၇)၊ လူဦးရေ (၁၀၇၉) ဦးအား covid – 19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ ပန်ကြားချက်စာစောင်များ ဖြန့်ဝေခြင်း ၊ လက်ကိုင်အသံချဲ့စက်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် လက်ဆေးဆပ်ပြာများ ဝေငှခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဂါးထာကျေးရွာနှင့် စံပါယ်နံ့သာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #sgg_mar2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်တွင် စစ်တွေမြို့ ၊ ဘာဆာရာ IDP စခန်း၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးဆက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
