လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု အတွင်းရှိကျေးရွာခွဲ (၁၄) ရွာ၌ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အချက်များ လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။