လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၇:၀၀) နာရီအချိန်အထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးစျေး၊ ရွှေအင်းလေးရပ်ကွက်၊ ဝက်မှေးကျေးရွာ၊ ရွှေလှေကျေးရွာ၊ တုံကျေးရွာ၊ တောကျောင်းကျေးရွာ၊ အလယ်ရွာကျေးရွာ၊ လယ်တီကျေးရွာ၊ ဆည်တဲကျေးရွာ၊ ဇီးတောကျေးရွာ၊ သဲကောကြီးကျေးရွာ၊ ကျေးပင်ထူးကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ဆားလင်းကြီးမြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များ အား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#sgg_mar2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)