Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ညောင်ကျိုးအုပ်စုအတွင်းရှိ ကျေးရွာ များအတွင်း Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များလှည့်လည်ဟောပြောခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မော်လိုက်မြို့၊ ညောင်ပင်သာရပ်ကွက်၊ တံတားဉီးရပ်ကွက်၊ ကျောင်းတောင်ရပ်ကွက်၊ ကျောင်းမြောက်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ အောင်ရတနာရပ်ကွက် စသည့်မြိုပေါ်ရပ်ကွက်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ပြည်သူများအား အသိပညာပေးပန်ကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့ (၁၄:၀၀) နာရီအချိန်မှ (၁၇:၀၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပွင့်ဖြူ မြို့နယ်၊ မင်းတဲကုန်းကျေးရွာနှင့် မင်းဇံကျေးရွာတို့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆,၈၀၀/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၁၆,၈၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၂) စုစာတို့ အား (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၁:၄၅) အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၂၂:၅၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂) လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်၊ ဒဏ်ရာရသူ(၃) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအိမ်ထောင်စု(၂)စုစာတို့ကို (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၅:၄၅) နာရီအချိန်တွင် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
မီးဘေးထောက်ပံ့မှုပြီးစီးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၉.၃.၂၀၂၀)ရက်နေ့ (၂၃:၄၀)နာရီချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်(၂)လမ်းနေ ဒေါ်စန္ဒာနေအိမ်မှ လျှပ်စစ်မီးကြိုးဝါယာရှော့ဖြစ်၍ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၄)စု မှလူဦးရေ(၁၆)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၄)အိမ်ထောင်စုစာ၊ Family kits၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၈၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၃၃,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၈၃၃,၆၀ဝိ/-)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ (၃၀-၃-၂၀၂၀)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_mar2020 Source: … Read more
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာ၊ ကျွဲချကျေးရွာ၊ အလံပယ်ကျေးရွာနှင့် ရွာသာကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ တွင် မကွေးမြို့နယ်၊ သရက်လေးပင်ကျေးရွာအုပ်စု၊ သရက်လေးပင်ကျေးရွာ၌ မီးဘေးဖြစ်ပွားမှု ကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀)ကျပ်၊ စုစုပေါင်း (၁၁၈,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
(COVID -19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးကြေညာခြင်း ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ နံနက်(၀၇:၃၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် (ရန်မျိုးနိုင်ရပ်၊ ရန်မျိုးလုံရပ်၊ ရန်ကင်းရပ်၊ အောင်ဇေယျာရပ်)သို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁- ၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဘိုတဲ(တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ်ရှိ အိမ်ခြေ (၁၃၉) လုံး၊ အိမ်ထောင် စု(၁၄၈) စု၊ လူဦးရေ (၆၉၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_mar2020
