လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၉.၃.၂၀၂၀)ရက်နေ့ (၂၃:၄၀)နာရီချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်(၂)လမ်းနေ ဒေါ်စန္ဒာနေအိမ်မှ လျှပ်စစ်မီးကြိုးဝါယာရှော့ဖြစ်၍ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၄)စု မှလူဦးရေ(၁၆)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၄)အိမ်ထောင်စုစာ၊ Family kits၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၈၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၃၃,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၈၃၃,၆၀ဝိ/-)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ (၃၀-၃-၂၀၂၀)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_mar2020
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)