လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၂၂:၅၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂) လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်၊ ဒဏ်ရာရသူ(၃) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအိမ်ထောင်စု(၂)စုစာတို့ကို (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၅:၄၅) နာရီအချိန်တွင် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_mar2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)