Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၈-၃-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကိုင်းတောစု ကျေးရွာ (ရွှေကြာအင်း)အနီးတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက် ပံ့ငွေ(၂၅၂၀ဝ/-)ကျပ်စုစုပေါင်းထောက်ပံ့ငွေ(၃၂၅၂၀ဝ/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ(၃)အိမ် ထောင်စာတို့အား(၃၁-၃-၂၀၂၀)ရက်နေ့(၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_apr2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)  နာရီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အရှေ့ပျံကျကျေးရွာ၊ ကျောက်စစ်ပုံတောင်ရွာ ၊ရောင်တော်ထုံးကျေးရွာ၊  ကံပြားကြီးရွာ ၊သာစည်ရွာ၊ တဲကြီးကုန်း ကျေးရွာ၊ အင်တိုင်းကျေးရွာ၊ ရေကန်စုကျေးရွာ၊ ကိုးပင်ကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန် / ရှောင်ရန်များအား အသိပညာ ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ကာနကျေးရွာ၊ တောင်ညိုကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ မယ်နင်ကျေးရွာ၊ နောင်ဖော့ကျေးရွာနှင့် ကျီန်းတောကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr 2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့၌ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်တွင် (၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ တောင်ပိုင်းရပ်ကွက်တွင် (၁၁:၁၅)နာရီအချိန်၌လည်းကောင်း၊ အနောက်ပိုင်းရပ်ကွက်တွင် (၁၂:၀၀)နာရီအချိန်၌လည်းကောင်း၊ အရှေ့ပိုင်းရပ်ကွက်တွင် (၁၃:၀၀)နာရီအချိန်၌လည်းကောင်း၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ခြံကွင်းကျေးရွာတွင် (၁၄:၀၀)နာရီအချိန်၌လည်းကောင်း၊ ဒယ်ကုန်းကျေးရွာတွင် (၁၄:၃၀)နာရီအချိန်၌လည်းကောင်း၊ လိပ်ချောင်းကျေးရွာတွင် (၁၅:၀၀)နာရီအချိန်၌လည်းကောင်း ငပုတောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်း မြို့နယ်၊ ‌ကျုံဒဒွန်းကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၃၁-၃-၂၀၂၀) ရက်နေ့၌ (၁၂ : ၀၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး  ကျေးရွာ/ ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်၌ COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်စေရေး အသိပညာပေးကြေငြာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မေတ္တာရေစင်ပရဟိတအဖွဲ့၊ မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအဖွဲ့များနှင့် ပူးပေါင်း၍‌ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍  ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈ : ၀၀) နာရီမှ (၁၁ : ၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ် ၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊‌ သင်္ဃန်းကြီးကျေးရွာ၊ ဇင်ရွဲ‌‌လေးကျေးရွာ၊ ဥက္ကံ‌‌ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း) ဦးဝင်းကြည်(တဲတိုက်)နှင့် ဦးဘိုဝင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၃၃) လုံး၊ အိမ်ထောင် စု(၁၄၆) စု၊ လူဦးရေ (၆၇၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_apr 2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍  ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းနှင့်ပူးပေါင်း၍  (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၂၀ :၀၀) နာရီအချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ (တာငါး ဆယ် တောင်ရပ်ကွက်/မြောက်ရပ်ကွက်၊ လက်သမားရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှား ပါးမှုအခက်အခဲကြုံနေရသော ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန်းတား ကျေးရွာရှိ အိမ်‌ခြေ (၅၃) စု၊ လူဦးရေ (၃၀၆) ဦးတို့ အတွက် (၃၁-၃-၂၀၂၀) ရက်နေ့၊  ( ၁၄ : ၀၀ ) နာရီမှ (၁၇ : ၀၀) နာရီအချိန်ထိ သောက်သုံးရေဂါလံ (၁၆၀၀) အား လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg … Read more

Sign Up

Upcoming Events