လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့၌ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်တွင် (၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ တောင်ပိုင်းရပ်ကွက်တွင် (၁၁:၁၅)နာရီအချိန်၌လည်းကောင်း၊ အနောက်ပိုင်းရပ်ကွက်တွင် (၁၂:၀၀)နာရီအချိန်၌လည်းကောင်း၊ အရှေ့ပိုင်းရပ်ကွက်တွင် (၁၃:၀၀)နာရီအချိန်၌လည်းကောင်း၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ခြံကွင်းကျေးရွာတွင် (၁၄:၀၀)နာရီအချိန်၌လည်းကောင်း၊ ဒယ်ကုန်းကျေးရွာတွင် (၁၄:၃၀)နာရီအချိန်၌လည်းကောင်း၊ လိပ်ချောင်းကျေးရွာတွင် (၁၅:၀၀)နာရီအချိန်၌လည်းကောင်း ငပုတောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)