Author Archives: Department of Disaster Management

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီ အချိန်မှ၊ (၁၄:၃၀) နာရီအချိန်အထိ ဂန့်ဂေါမြို့နယ်၊  ခေါင်းတုံကျေးရွာနှင့် ညောင်လယ်ရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများသို့  အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့တွင် မဲဇလီကုန်းမြို့ရပ်ကွက်(၅)ခုနှင့် လိပ်ပေါင်ဆွဲအုပ်စုအတွင်းရှိ နတ်စင်ကုန်းကျေးရွာ၊ ထုံးဝကျေးရွာ၊ သရက်တောကျေးရွာနှင့် လိပ်ပေါင်ဆွဲကျေးရွာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများအားအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲဝင်ကရာကျေးရွာ၊ ဝဲကလိကျေးရွာ၊ ဝဲရက်ကျေးရွာနှင့် ဝယ်သွန်ချောင် ကျေးရွာများသို့သွားရောက်၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်းစောင်များအား ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂ -၄- ၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကံကြီး-မကြီးတန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ တော်ပလွဲရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ စောရန်နိုင်ပိုင်မြောက်ရပ်ကွက်၊ စောရန်နိုင်ပိုင်အနောက်ရပ်ကွက်၊ ဆင်မင်းရပ်ကွက်များတွင်လည်းကောင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန် အချက်များအား အသိပညာပေးပန်ကြားခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ရပ်ကွက်များအတွင်းကြေညာခြင်း၊ ဖြန်ဝေခြင်းစသည့် ပြည်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မုဒိတာပရဟိ တအသင်းမှလူငယ်များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ တောက်ထိန်ကျေးရွာ၊ ရွာတော်အုပ်စု၊ ရွာတော် (မြောက်ကျေးရွာ)၊ ရွာတော်(တောင်ကျေးရွာ)၊ စက်ကုန်းကျေးရွာ၊ ကြံဖိုစုကျေးရွာ၊ ချောင်းဆောက်ကျေးရွာနှင့် ရွာသစ်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်၌ မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်၊ နှစ်ခြင်းမူကြိုဘုရားကျောင်း IDPs စခန်းရှိနှင့်  (၁၂:၃၀) အချိန်၌ မြို့ဦးရပ်ကွက်နှင့်​ နောင်ကိုင်တော်ရပ်ကွက်တို့မှ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး IDPs စခန်းရှိ၊ အိမ်ထောင်စု (၁၀) စု အတွက် (၁)စု လျှင် ဆပ်ပြာ(၁)တောင့် နှုန်းဖြင့် (၁၀) တောင့် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မန်ဂျက်အုပ်စု၊ မန်ဂျက်ကျေးရွာနှင့် ခိုတင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းကို Hand Speaker ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source:           ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့ ရွှေဝါကျေးရွာ၊ မော်ဟွေ့ကျေးရွာနှင့် ဟင်းနားကျေးရွာတို့၌ Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို  အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_apr2020 Source: ​       ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်နှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီချိန်အထိသံတွဲမြို့နယ်မြို့ပြင်ကျးရွာ၊ လင်းမူးတောင်ကျေးရွာ၊ ပြည့်ဝကျေးရွာအတွင်းလှည့်လည်ပြီးကို ရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအားပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ဘခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာအုပ်စုရှိ ကျူချောင်ကျေးရွာ၊ ဇရစ်ချောင်ကျေးရွာ၊ သံတံတာကျေးရွာနှင့် စကကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည် အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020

Sign Up

Upcoming Events