လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂ -၄- ၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကံကြီး-မကြီးတန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ တော်ပလွဲရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ စောရန်နိုင်ပိုင်မြောက်ရပ်ကွက်၊ စောရန်နိုင်ပိုင်အနောက်ရပ်ကွက်၊ ဆင်မင်းရပ်ကွက်များတွင်လည်းကောင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန် အချက်များအား အသိပညာပေးပန်ကြားခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ရပ်ကွက်များအတွင်းကြေညာခြင်း၊ ဖြန်ဝေခြင်းစသည့် ပြည်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မုဒိတာပရဟိ တအသင်းမှလူငယ်များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_apr2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)