COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်၌ မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်၊ နှစ်ခြင်းမူကြိုဘုရားကျောင်း IDPs စခန်းရှိနှင့်  (၁၂:၃၀) အချိန်၌ မြို့ဦးရပ်ကွက်နှင့်​ နောင်ကိုင်တော်ရပ်ကွက်တို့မှ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး IDPs စခန်းရှိ၊ အိမ်ထောင်စု (၁၀) စု အတွက် (၁)စု လျှင် ဆပ်ပြာ(၁)တောင့် နှုန်းဖြင့် (၁၀) တောင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_apr2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events