Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၂၀) ​ရက်​​နေ့တွင် (၁၅း၀၀)နာရီစတင်၍(၁၉း၀၀)နာရီအထိ ရေစ​ကြို​မြို့​နယ်၊ ဝါယာကျေးရွာအုပ်စု၊ ဝါယာကျေးရွာ၊ ကျွန်းဘိုပင်ကျေးရွာနှင့် အောင်ပန်းကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို ​​မြတ်ရတနာလူမှုကူညီရေးအသင်းနင့်ပူပေါင်းကာ လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါကြိုတင် ကာကွယ် ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များ တိုင်းတာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်း နာယကဆရာတော်နှင့်ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီချိန်အထိ သံတွဲမြို့နယ်၊ ကင်းမော်ကျးရွာ၊ ဥယျာဉ်ပြင်ကျေးရွာ၊ ကျောက်ဆိပ်ကျးရွာများအတွင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ​ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အမှတ်(၆)လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၄-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀)နာရီမှ စတင်ပြီး ​ မြင်းခြံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၄)အုပ်စုရှိ၊ကျေးရွာ(၁၆)ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်​​​ ​ ဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_apr2020

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုသတင်း

    (၄-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကလေးဝမြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း ၍ ကလေးဝမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၊ ချောင်းကျဉ်း ကျေးရွာ၊ ခရေမြိုင်ကျေးရွာနှင့် ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတို့တွင် Covid-19 အသိပညာပေး ခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက် အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိ ကြေးနန်းရပ်ကွက်နှင့် အောင်မြေကျေးရွာ၊ ပီမိုးညှင်းကျေးရွာ၊ မံပုံကျေးရွာစုစုပေါင်းရပ်ကွက်(၁)ခု၊ ကျေးရွာ (၃) ရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speaker များဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_apr2020

  • ‌သောက်သုံးရေဖြန်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရေစ​ကြို​မြို့​နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာရှိ အိမ်ခြေ (၁၉၁)လုံး၊ အိမ်ထောင်စု (၂၀၁)စု၊ လူဦးရေ(၉၈၄)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၄-၄-၂၀၂၀)ရက်နေ့၊(၀၉:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_apr2020

  • Covid -19 ကြိုတင်ကာကွယ်ရေး အသိပညာပေးကြေငြာခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးမှု သတင်း

      (၄-၄-၂၀၂၀)ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယုံသာ ကျေးရွာ၊ မတောကျေးရွာ၊ လက်ပံဆိပ်ကျေးရွာ၊ အညာလယ်ကျေးရွာ၊ ထန်းပင်ချောင်ကျေးရွာ၊ ပျဉ်တော ကျေးရွာ၊ အင်ပင်လှကျေးရွာ၊ ယားကျေးရွာနှင့် စနဗျင်းကျေးရွာတို့တွင် Covid -19 ကြိုတင် ကာကွယ် ရေးအသိပညာပေးကြေငြာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စာစောင်များကပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံမှုမဖြစ်ပွားစေရေးအတွက် အများပြည်သူများထံသို့ အသိပေးနှိုးဆော်ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မာဃသဟာယလူမှု အ‌ထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာ၊ ပန်းထိပ်ကျေးရွာ၊ မင်းရွာကျေးရွာ၊ ပနန်းကျေးရွာ၊ စပယ်ကျေးရွာ၊ စင်ပုံကျေးရွာ၊ ယင်းမာကျေးရွာ၊ လက်ဝဲကုန်းကျေးရွာ၊ ပြင်သာကျေးရွာများနှင့် ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ကျေးရွာများသို့ (၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် ပြည်သူများသို့ အသိပညာပေးပန်ကြားချက်များ ကိုလှည့်လည်နှိုး‌ဆော်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

Sign Up

Upcoming Events