COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ​ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အမှတ်(၆)လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၄-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀)နာရီမှ စတင်ပြီး ​ မြင်းခြံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၄)အုပ်စုရှိ၊ကျေးရွာ(၁၆)ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်​​​ ​ ဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_apr2020

Sign Up

Upcoming Events