Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀)ရက်နေ့၊နံနက်(၀၈း၀၀)နာရီမှ(၁‌၁း၃၀)နာရီအချိန်ထိလပွတ္တာမြို့နယ် ၊ သာလိကာကုန်းကျေးရွာအုပ်စု၊‌သာလိကာကုန်းကျေးရွာ၊ချောင်းဖျားစုကျေးရွာ နှင့်ကျုံဖား‌ ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြစ်လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr 2020

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့ နယ် ၊နောင်ကန်အုပ်စု၊ နောင်ကွတ်ကျေးရွာတွင် (၆-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၅၀၀၀/-) ကျပ်ကို (၇-၄-၂၀) ရက်နေ့ ၊ (၀၉ : ၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​ ချောင်းဆုံမြို့နယ်၊​မရမ်းကျေးရွာ၊​ ကုလားဘီကျေးရွာနှင့် ဝယ်လမ်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိ​ပါသည်။ #ar #mon_apr2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀)ရက်နေ့၊ (၁၀း၀၀)နာရီတွင် စစ်တွေမြို့နယ်၊ မော်သိညှာ IDPs Camp ရှိပြည်သူများအား လှည့်လည်ပြီးCOVID- 19ကူးစပ်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေး ဆော်သြခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_apr 2020

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊‌ကျောက်ချပ်‌ ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ထိန်ပင်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ သာယာအေး‌ကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာ၊ သ‌ပြေပင်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ရှာစေးဖိုကျေးရွာ၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာ၊ ရွှေသမြူးကျေးရွာ၊ လေသာ(တ+မ)ကျေးရွာ၊ သရက်တောကျေးရွာ၊ ကြို့ပင်စိတ်ကျေးရွာ၊ … Read more

  • သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ သဲဖြူကျေးရွာအုပ်စု၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၆-၄-၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ သာဂရအုပ်စု ၊ အလယ်ကန်အုပ်စု၊ ရွာပုလဲအုပ်စု၊ ရွာကြီးအုပ်စု၊ မြင်း ကွက်အုပ်စုရှိ ကျေးရွာ (၁၅) ရွာ အတွင်းရှိ ပြည်သူများအား Covid – 19 နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ကွိုင်ငံကျေးရွာနှင့် ဒီးမော့ဆိုမြို့၊ ရူးဖယ်ခူရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

Sign Up

Upcoming Events