COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊‌ကျောက်ချပ်‌ ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ထိန်ပင်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ သာယာအေး‌ကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာ၊ သ‌ပြေပင်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ရှာစေးဖိုကျေးရွာ၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာ၊ ရွှေသမြူးကျေးရွာ၊ လေသာ(တ+မ)ကျေးရွာ၊ သရက်တောကျေးရွာ၊ ကြို့ပင်စိတ်ကျေးရွာ၊ ရွှေပေးကျေးရွာ၊ သာယာစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေဗဟိုရ်ကျေးရွာ၊ ရွှေကံသာကျေးရွာများ အတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#npw_apr 2020

Sign Up

Upcoming Events