Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​ ချောင်းဆုံမြို့နယ်၊​မရမ်းကျေးရွာ၊​ ကုလားဘီကျေးရွာနှင့် ဝယ်လမ်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိ​ပါသည်။

#ar

#mon_apr2020

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events