Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့ ၊(၁၈:၀၀)နာရီအချိန်တွင် ဝန်းသိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၅၄) ဦး၊ ဘုန်းကြီးကျောင်း (၃) ကျောင်းတို့အား (၁၄-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဆန်ရိက္ခာဖိုး (၇၄၃၄၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုး(၂၆၁၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၃၅၃၄၀၀/) ကျပ်အား တိုင်းဒေသကြီးဦးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်းသိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID 19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာနှင့် ဝန်ထမ်းရပ်တို့တွင် COVID 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အား ဂဝေသီလူမှုကူညီရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ (၁၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ ကွမ်းတောအင်းကျေးရွာ၊ ရေပူအင်းကျေးရွာနှင့် သရက်တောကျေး တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr 2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၄-၂၀၂၀)ရက်နေ့တွင် နွေရာသီရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါကလော်လဲကျေးရွာနှင့် ဒေါတထော ကျေးရွာသို့ သောက်သုံးရေဂါလံ(၃၂၀၀)ကို သွားရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_ apr 2020
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်ကျေးရွာ၊ မော်ချီးအောက်ကျေးရွာ၊ အနာဂတ်လင်းတန်းကျေး ရွာ၊ လိုခါးလိုကျေးရွာ၊ ဘူလော်ဘာကျေးရွာရှိ မိဘပြည်သူများအား COVID -19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များကို (၁၃-၄-၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာ အုပ်စု၊ ထီးဖိုးကလိုးကျေးရွာနှင့် ဒေါငူသွဲ့ကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်များကို (၁၃-၄-၂၀၂၀) ရက်နေ့တွင် အသိပညာပေးဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀)ရက်တွင် (၀၉:၀၀) နာရီမှ(၁၅:၀၀) ထိ စစ်တွေမြို့ ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ကရုချောင်းဘုန်းတော်ကြီးကျောင်း၊ ဇမ္ဗူရတနာကျောင်းတိုက်၊ မဟာမုဗုဒ္ဓ ဝိဟာရဘုန်းတော်ကြီးကျောင်း၊ နန်းရွှေဂူဘုန်းတော်ကြီးကျောင်း၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၊ မဟာဝိဇယာ ရာမကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်များသို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဆော်သြခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
(၁၃-၄-၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကော့သောင်းမြို့၊ ချောင်းစလန်းကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speakerဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စိုင်ဒိုးကျေးရွာ၊ ခုံတိုင်ကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ အလယ်ချောင်းကျေးရွာ၊ တောင်ပတ်ကျေးရွာနှင့် ကျောက်ကြီးကျေးရွာတို့တွင် COVID.19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက် နှင့် မကျီးတောကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_apr2020
