လေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့ ၊(၁၈:၀၀)နာရီအချိန်တွင် ဝန်းသိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၅၄) ဦး၊ ဘုန်းကြီးကျောင်း (၃) ကျောင်းတို့အား (၁၄-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဆန်ရိက္ခာဖိုး (၇၄၃၄၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုး(၂၆၁၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၃၅၃၄၀၀/) ကျပ်အား တိုင်းဒေသကြီးဦးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်းသိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2020

Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events