Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု (၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၇-၁-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့ တွင် မိတ္ထီလာမြို့၊ Q Center ဖွင့်လှစ်ထားရှိသည့် အ.ထ.က (၁) ကျောင်းတွင် လုပ်အားပေး တာဝန်ယူဆောင်ရွက်ပေးနေသည့် မျိုးဆက်သစ်မြတ်ပါရမီပရဟိတအသင်းထံသို့ ရေသန့်ဆေး (၁) ဘူးလျှင် (၂၄၀) ထုပ်ပါ (၇) ဘူးကို ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_Jan2021 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
School CumShelter တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ဥတိုကျေးရွာတွင်တည်ဆောက်မည့် School CumShelter တည်ဆောက်မည့်မြေနေရာကို Shwe Khaing Mar Construction co.ltd နှင့်Third party Qc (key Pin) company ၊ S.R Engineering Company နှင့်တာဝန်ရှိသူများအတူ SIT စစ်ဆေးရန်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infar_dev #ayy_jan2021
-
အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့(၁၁:၃၀)အချိန်တွင် ဒေးဒရဲမြို့နယ်၊ ဥတိုကျေးရွာတွင် ဆူနာမီဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်ဗီနိုင်းပိုစတာနှင့် မိုးခေါင်ရေရှားဘေးအန္တရာယ်လက်ကမ်းစာစောင်များကို ရပ်မိရပ်ဖ၊ ကျေးရွာပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးအပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2021
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၂၁) ရက်နေ့တွင် ခန္တီး မြို့နယ်၊ မြကျွန်းသာကျေးရွာ၊ အထက်ဆိပ်အနီး ညောင်တစ်ပင်စွန့်ပစ်မြေစာပုံပိ၍ ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်အား ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀/-) ကျပ်အား သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် (၆-၁-၂၀၂၁)ရက်နေ့ (၁၇:၅၅) နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_jan2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အသစ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ ပုဂံဘုရားအနီးနှင့် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ တို့တွင် (၆-၁-၂၀၂၁) ရက်နေ့တွင် ဆိုင်းဘုတ်အသစ်စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2021
-
လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းအုပ်စု၊ ရွှေလှေကျေးရွာရှိ Quarantine Centre အတွက် hand sanitizer (၂၀) ဘူး သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_jan2021 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရုံးသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်ဦးစီး မှူးရုံးသစ်ဖွင့်လှစ်ခြင်းကို (၆-၁-၂၀၂၁) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသူများအား စတုဒီသာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #office_dev #rke_Jan2021 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၅-၁-၂၀၂၁) ရက်နေ့၊ (၀၉:ဝဝ) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၁၀၀,၀၀ဝ)၊ ဆန်ရိက္ခာဖိုး(၁၂၃,၉၀ဝ) ကျပ်၊ စုစုပေါင်း (၁,၂၂၃,၉၀ဝ) ကျပ်အား (၆-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) အချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mgy_jan2021
-
ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးကို (၅-၁-၂၀၂၁) နေ့ နံနက်(၁၀:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #rke_jan2021
