လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၂၁) ရက်နေ့တွင် ခန္တီး မြို့နယ်၊ မြကျွန်းသာကျေးရွာ၊ အထက်ဆိပ်အနီး ညောင်တစ်ပင်စွန့်ပစ်မြေစာပုံပိ၍ ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်အား ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀/-) ကျပ်အား သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် (၆-၁-၂၀၂၁)ရက်နေ့ (၁၇:၅၅) နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#sgg_jan2021
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)