
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၅-၁-၂၀၂၁) ရက်နေ့၊ (၀၉:ဝဝ) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၁၀၀,၀၀ဝ)၊ ဆန်ရိက္ခာဖိုး(၁၂၃,၉၀ဝ) ကျပ်၊ စုစုပေါင်း (၁,၂၂၃,၉၀ဝ) ကျပ်အား (၆-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) အချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mgy_jan2021