Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာ မြို့နယ်၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပွေတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ(သစ်အိမ်-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝိ/-)ကျပကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 အသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ၊ နတ်မာကျေးရွာ၊ ကျောက်စရစ်ကုန်းအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာနှင့် ဆူးတပ်ကျေးရွာများအတွင်းရှိပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_may2020 Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀)မှ စတင်ပြီးဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စုအတွင်းရှိ မုသင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝိုင်းပတ်ကျေးရွာနှင့် ရွာလေးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ar #mon_may2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ဒေါင်းရှောင်ကျေးရွာ၊ ဆင်ပုနစ် ကျေးရွာ၊ ထိန်တွင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် (Covid-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ar #tny_may2020

  • Covid-19 အသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ ညနေ(၁၆:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို  တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာ၊ ကုန်းရွာကျေးရွာ၊ စံပြသံခဲတောင်ကျေးရွာ၊ မူလသံခဲတောင်ကျေးရွာ၊ သဲဖြူကျေးရွာများအတွင်းရှိ ပြည်သူများသို့ထိရောက်စွာ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_may2020 Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၃ဝ-၄-၂ဝ၂ဝ)ရက်နေ့ (၁၆:၄၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအုပ်စု၊ ရွှေလင်းဆွဲကျေးရွာ၊ ကန်နီကျေးရွာအုပ်စု၊ ကန်နီကျေးရွာ၊ အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၊ ကုန်းဘလူကျေးရွာနှင့် ထနောင်းဝင်းကျေးရွာအုပ်စု၊ ထနောင်းဝင်းကျေးရွာတို့တွင် လူနေအိမ်(၄)လုံးပြိုကျပျက်ဆီးခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ လူနေအိမ်(၄ဝ)လုံး အမိုးလန်ပျက်ဆီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့် ပြိုကျပျက်ဆီးခဲ့သော အိမ်(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၄)စုစာ၊ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄ဝ)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၈ဝ၅,ဝဝဝိ/-)၊ လူဦးရေ(၁၇၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၇၁,၇ဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၇၆,၇ဝဝိ/-)၊ အား (၁-၅-၂ဝ၂ဝ)ရက်နေ့ … Read more

  • လက်ဆေးဘေစင်နှင့် အပူချိန်တိုင်းစက်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၅.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP (camps) မိုင်းယု၊ ကုန်စုံအတွက် လက်ဆေးဘေးစင်(၁)ခု တန်ဖိုး (၅၀၀၀၀ိ/-)၊ အပူချိန်တိုင်းစက် (၁)ခု တန်ဖိုး (၈၀၀၀၀ိ/-)၊ မိုင်းယုလေးအတွက် လက်ဆေးဘေးစင်(၁)ခု တန်ဖိုး(၅၀၀၀၀ိ/-)၊ အပူချိန်တိုင်းစက်(၁)ခု တန်ဖိုး (၈၀၀၀၀ိ/-)၊ စုစုပေါင်း (၂၆၀၀၀၀ိ/-) တန်ဖိုးရှိ လက်ဆေးဘေးစင်နှင့်အပူချိန်တိုင်းစက်တို့ကို ထောက်ပံ့ပေးပြီး အပူချိန်တိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာအုပ်စု၊ လေးတိုင်စင်(တောင်)ကျေးရွာ၊ လေးတိုင်စင်(မြောက်)ကျေးရွာနှင့် ဂွေးတောကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_may2020 Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်ကျေးရွာအုပ်စု၊သစ်စိမ့်ကျေးရွာ၌ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီတွင် ဖြစ်ပွားခဲ့သော ​လေဘေး​ကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၈၄၀၀ိ/-)တို့အား (၁.၅.၂၀၂၀ )ရက်နေ့၊ (၁၂:၃၀)နာရီချိန်တွင် ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #sgg_may2020 Source:           ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၁.၅.၂၀၂၀)ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ(၁၃း၀၀)နာရီအချိန်ထိ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) ဆောင်ရန်ရှောင်ရန်များအား ဗမာ၊ရှမ်း(၂)ဘာသာဖြင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events