လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၃ဝ-၄-၂ဝ၂ဝ)ရက်နေ့ (၁၆:၄၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအုပ်စု၊ ရွှေလင်းဆွဲကျေးရွာ၊ ကန်နီကျေးရွာအုပ်စု၊ ကန်နီကျေးရွာ၊ အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၊ ကုန်းဘလူကျေးရွာနှင့် ထနောင်းဝင်းကျေးရွာအုပ်စု၊ ထနောင်းဝင်းကျေးရွာတို့တွင် လူနေအိမ်(၄)လုံးပြိုကျပျက်ဆီးခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ လူနေအိမ်(၄ဝ)လုံး အမိုးလန်ပျက်ဆီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့် ပြိုကျပျက်ဆီးခဲ့သော အိမ်(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၄)စုစာ၊ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄ဝ)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၈ဝ၅,ဝဝဝိ/-)၊ လူဦးရေ(၁၇၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၇၁,၇ဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၇၆,၇ဝဝိ/-)၊ အား (၁-၅-၂ဝ၂ဝ)ရက်နေ့ (၁ဝ:၃ဝ)အချိန်တွင် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)