လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်ကျေးရွာအုပ်စု၊သစ်စိမ့်ကျေးရွာ၌ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၈၄၀၀ိ/-)တို့အား (၁.၅.၂၀၂၀ )ရက်နေ့၊ (၁၂:၃၀)နာရီချိန်တွင် ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)